ပေါက်ခေါင်း စက်တင်ဘာ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝဏ္ဏသည် စက်တင်ဘာလ ၁ ရက်တွင် ပေါက်ခေါင်းမြို့နယ်ရှိ ပိန်းတောကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝဏ္ဏသည် စီမံကိန်းစစ်ဆေးရေးနှင့် အရည် အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ခံ ဒေါ်မေသူဇာဝင်း၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံ အင်ဂျင်နီယာများနှင့်အတူ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဟိန်းတေဇကုမ္ပဏီက တာဝန်ယူဆောင်ရွက်သော ပိန်းတောကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း (သုည/ ၂ ဒသမ ၅၇ မိုင် × ၁၆ ပေ x ၁၄ လက်မ)ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကြောင်းသိရသည်။
(၄၀၁)၊ တင်စိုး(ပဲခူး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်