Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစု ပေးအပ်ပွဲအခမ်းအနားကျင်းပ


04 Sep,2025

ပုဗ္ဗသီရိမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစု ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်   စက်တင်ဘာ    ၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း  မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓါတ်မြေဩဇာသွင်းအားစု ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၂ရက် နံနက်ပိုင်းက သပြေကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးစိန်ကြည်က အမှာစကားပြောကြားသည်။

ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ‌ဓါတ်မြေဩဇာများ ဖြန့်ဖြူးပေးသည့်အခြေအနေ၊ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် လိုအပ်သော ဓါတ်မြေဩဇာများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကော်မတီ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၈ အုပ်စုရှိ မိုးစပါးစိုက် တောင်သူများတက်ရောက်ကြပြီး တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ယူရီးယား(ဩဘာ)၁၇၈၀ အိတ်၊ ၁၅ပတ်လည် ကွန်ပေါင်း (ဩဘာ)၈၄၀အိတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်လူး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်