Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လွိုင်ကော်မြို့နယ်အတွင်း လမ်းရှစ်လမ်း တည်ဆောက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


05 Sep,2025

လွိုင်ကော် စက်တင်ဘာ ၄

      သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် စုစုပေါင်း ၁၀၀၈ ဒသမ ၆၉၂ သန်းဖြင့် လမ်းရှစ်လမ်း၊ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းနှင့် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

         အဆိုပါလမ်း၊ တံတား လုပ်ငန်းများပြီးစီး ပါက ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၆၁၄ လုံး၊ လူဦးရေ ၅၄၈၆ ဦးတို့အတွက် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ မည်ဖြစ်ပြီး လူမှုစီးပွားကဏ္ဍများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။

ကိုတွတ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်