ကံမမြို့နယ် ကျွန်းကလေးကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကျင်းပ
ကံမ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျွန်းကလေးကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းကိုနိုင်က မီးခိုးမြူငွေ့အန္တရာယ်အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သရက်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်ဖြိုးအောင်၊ ကံမမြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန့်ဇင်က မီးခိုးမြူငွေ့လျော့ချခြင်း၊ စနစ်တကျအမှိုက်စွန့်ပစ်ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ အိမ်တွင်း ညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကူးစက်ရောဂါအမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများ ဆောင်ရန်ရှောင်ရန်စသည့် အသိပညာဗဟုသုတများကို ရှင်းလင်းပြောကြားပြီး လက်ကမ်းစာစောင်များဖြင့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ကျွန်းကလေးကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသား ၁၀၀ဦး တက်ရောက်ကြပြီး တက်ရောက်လာကြသော ကျေးရွာသူ/ကျေးရွာသားများမှ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်