Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်းတယမြို့နယ် ပွေးလှ’တမဲလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားတည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး


08 Sep,2025

ပင်းတယ စက်တင်ဘာ ၇

            ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ပွေးလှ-တမဲလမ်းပေါ်ရှိ ပေ ၅၀ သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်း (ပထမပိုင်း) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ ၆ ရက်က အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဝေဝေလွင်ဖြိုးနှင့် ဦးစီးအရာရှိ(မြို့ပြ) ဒေါ်တင်တင်ထွေးတို့က ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။

               အဆိုပါ တံတားတည်ဆောက်ခြင်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၁၆၂ ဒသမ ၂၉၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်