Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားများ၏ မိုးစပါးစိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှု


08 Sep,2025

လယ်ဝေး  စက်တင်ဘာ  ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့် နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာရှိ ထွန်းပေါက်စိုက်ပျိုးရေး ထုတ်လုပ်ရေး သမဝါယမအသင်းသားဦးအောင်စိုး၏ မိုးစပါး ၅ ဧကတွင် ထိုင်းနှံကောက်စပါးမျိုး စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

ကွင်းဆင်းကြည့်ရှုစဉ် နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက ယခုနှစ် မိုးစပါးစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိုးစပါးစိုက်ပျိုးဧကအားလုံး ပန်းတိုင် ရည်မှန်းချက် အထွက်နှုန်းပြည့်မီစေရန် ဦးစီးဌာနများ စဉ်ဆက်မပြတ်ကြီးကြပ် ဆောင်ရွက် ရမည်ဖြစ်ပြီး အသင်းသားတောင်သူများက မိမိတို့၏လယ်ယာမြေများ ယခင်နှစ်များထက် စပါးအထွက်နှုန်း ပိုမိုကောင်းမွန်လာစေရန် ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း အဖျက် ပိုးမွှားများအန္တရာယ်မှ ကာကွယ်နိုင်စေရေးအတွက်လည်း ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး နှင့်မြေဩဇာစသည့် သွင်းအားစုများကို နည်းစနစ်မှန်ကန်စွာဖြင့် စံချိန်စံညွှန်းများအတိုင်း အသုံးပြုစေလိုကြောင်းနှင့် မြို့နယ်ဦးစီးဌာနမှလည်း စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များအား အနီးကပ်ကြီးကြပ်ပေါင်းစပ်ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်