Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးခရီးများသွားရောက်ရန် မြန်မာနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့သွားရောက်


07 Sep,2025

နေပြည်တော်၊ စက်တင်ဘာ ၇

 သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်

ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Thai International Cooperation Agency-TICA) တို့သည် Development of Micro Enterprice (AG 4.2)ကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံတွင်ကျင်းပမည့် Business Advisory and Product Development Mission for Slected Myanmar enterpreneurs အစီအစဉ်သို့ တက်ရောက်ရန် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် လက်မှုလုပ်ငန်းရှင်များသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

 အဆိုပါ Business Advisory and Product Development Mission for Slected Myanmar enterpreneurs အစီအစဉ်အရ မြန်မာနိုင်ငံရှိ လက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း၊ ကုန်ပစ္စည်းထုပ်ပိုးခြင်းဆိုင်ရာကိစ္စရပ်များ၊ ပြည်ပဈေးကွက်များသို့ ထိုးဖောက် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ထိုင်းနိုင်ငံရှိလက်မှုလုပ်ငန်းရှင်များနှင့် နည်းပညာဖလှယ်ခြင်း၊ လေ့လာရေး ခရီးများသွားရောက်ခြင်းတို့ကို စက်တင်ဘာလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 ထိုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ လေ့လာရေးခရီးသွားရောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံရှိ လက်မှုလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများအား အရည်အသွေးပြည့် မီစွာထုတ်လုပ်လာနိုင်ခြင်း၊ ပြည်တွင်း/ပြည်ပ ဈေးကွက်ရှာဖွေရာတွင် လွယ်ကူချောမွေ့လာစေခြင်း နှင့် မြန်မာ့လက်မှုထည်များ၏ လက်ရာဒီဇိုင်းများကို နိုင်ငံတကာမှ ပိုမိုစိတ်ဝင်စားခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း သိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်