Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်


09 Sep,2025

ဘုတ်ပြင်း စက်တင်ဘာ ၈

           တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ရှိ အုန်းတောကမ်း-နီပါး-ပါးစပ်ကုန်း-လိပ်ဥချောင်း ကျေးရွာချင်းဆက်လမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၄၁ ဒသမ ၂၄၄ သန်းဖြင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

      အုန်းတောကမ်း-နီပါး-ပါးစပ်ကုန်း-လိပ်ဥချောင်း ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) မြို့နယ်တာဝန်ခံအင်ဂျင်နီယာနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၇ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်းကိုက်ညီရေးနှင့် လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်