Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတောင်းမြို့နယ် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးသီးနှံစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


08 Sep,2025

ပဲခူး   စက်တင်ဘာ   ၈

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးသီးနှံ စိုက်ပျိုးထားရှိမှုအခြေအနေအား ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဒေါ်ချောစုလှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပန်းတောင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် သမဝါယမ ကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ် (၂.၅) သိန်းနှင့် ညီမျှသော အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ထားသည့် သမဝါယမအသင်း (၅) သင်း၊ အသင်းသား တောင်သူ(၈၈)ဦး၏ မိုးစပါးသီးနှံ စိုက်ပျိုးဧက(၁၀၀၀)အနက် ကျောက်ဖူးအုပ်စု၊ ကျောက်ဖူး ကျေးရွာရှိ “ရွှေကျောက်ဖူး” စိုက်/ထွေ သမဝါယမအသင်းမှ တောင်သူ ဦးအေးနိုင်၏ အောင်နိုင်တိုး(YSR-1)စပါးမျိုးဖြင့် စိုက်ပျိုးထားသည့် စိုက်ဧက(၇)ဧက စိုက်ခင်းအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်