Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေး


11 Sep,2025

ဇေယျာသီရိမြို့နယ် ကျေးရွာနှစ်ရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေး

နေပြည်တော်    စက်တင်ဘာ  ၁၁

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေများ သတ္တမအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို စက်တင်ဘာ ၁၁ရက် နံနက်ပိုင်းက ညောင်ပင်ကြီးကျေးရွာနှင့် ရှမ်းရွာကျေးရွာတို့၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က ကျေးရွာတာဝန်ရှိသူများ၊ မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊  ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေကျပ် ၉၅ ဒသမ ၂သန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်သည်၊၊

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ညောင်ပင်ကြီးကျေးရွာနှင့် ရှမ်းရွာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၂ဦးကို ငွေကျပ် ၃၃ ဒသမ ၃၅သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၃၂ဦး ကို ငွေကျပ် ၄၄ ဒသမ ၇၅သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၃၅ဦးကို ငွေကျပ် ၁၂သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၁၃ဦးကို ငွေကျပ် ၅ ဒသမ ၁သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၃၈၂ဦးအတွက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၉၅ ဒသမ ၂သန်းကို တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်၊၊

နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်