Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအား စုများဖြန့်ဖြူးရောင်းချ


11 Sep,2025

မကွေးမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအား စုများဖြန့်ဖြူးရောင်းချ

‎*******************************

‎မကွေး       စက်တင်ဘာ       ၁၁

‎‎မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက မကွေးမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ဓာတ်မြေသြဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

‎‎မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်လွင်ဝေအောင် နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် လိုအပ်သော ဓာတ်မြေဩဇာသွင်းအားစုများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

‎‎‌မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဓာတ်မြေဩဇာသွင်းအားစု ဖြန့်ဖြူးရေးကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျေးလက်နေတောင်သူများ အရည်အသွေး ပြည့်မီသော ဓာတ်မြေဩဇာများကို စျေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြု နိုင်ရေးအတွက် ယခုလ ၃ ရက်နေ့မှစ၍ သီးနှံပေါ်ပေးစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း၊ ယူရီးယားဓာတ်​မြေသြဇာ ၁၁၅ အိတ်နှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ၂၂၀ အိတ်အား ဆက်လက် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်လွင်ဝေအောင် ထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်