နေပြည်တော် စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်(၈)မြို့နယ်မှ တာဝန်ရှိသူများသည် ဌာနဆိုင်ရာရုံးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင် စေရေးနှင့် စာရင်းဇယားပြည့်စုံမှန်ကန်မှုရှိစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ပြုလုပ်ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က မြို့နယ်များအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် စာရင်းဇယားများကို ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြနိုင်ရေး တိုင်းရုံးသို့ အချိန်မီပြုစုပေးပို့ ဆောင်ရွက်ရန် လိုကြောင်း၊ နှောင့်နှေးကြံ့ကြာမှုမရှိစေရေးအတွက် ဌာနစိတ်အလိုက်ဆောင်ရွက်နေသည့် ဝန်ထမ်းများကိုလည်း ဝင်စာ၏ ဦးစားပေးအဆင့်အလိုက် သတ်မှတ်ချိန်အတွင်း ပြန်လည်တင်ပြနိုင်စေရေး အစဉ်ကြီးကြပ်ဆောင်ရွက်ရန် လိုကြောင်း၊ မိမိအောက်လက်ဝန်ထမ်းများအား တစ်ဦးတစ်ယောက်တည်းက ဆောင်ရွက်နေရခြင်းမဖြစ်စေရေးနှင့် ဝိုင်းဝန်းဆောင်ရွက်တတ်စေရေး ကြီးကြပ်သူများမှ တာဝန်ခွဲဝေ သတ်မှတ်ပေးရန်လိုအပ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးရေး စီမံကိန်းတွင် စိုက်ဧက(၄၀၂၂)ဧကအတွက် သွင်းအားစုပံ့ပိုးငွေများကို စက်တင်ဘာလ တတိယပတ်မှစ၍ ပြန်လည် ကောက်ခံပေးသွင်းရမည့်ဖြစ်ပါသဖြင့် သတ်မှတ်ကာလအတွင်း အပြေအကြေပေးဆပ်နိုင်စေရေး ကြီးကြပ်ဆောင်ရွက် သွားရန်လိုကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ငွေ (သက်တန့်ရောင်) ရန်ပုံငွေများဖြင့် သွင်းအားစုများပံ့ပိုးပေးထားသည့် သမဝါယမအသင်းစာရင်း၊ အသင်းသား စာရင်းများကို သတ်မှတ်ဇယားပုံစံများတွင် ပြည့်စုံမှန်ကန်မှုရှိစေရေး စိစစ်ကြီးကြပ်ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်မှုများအား မှတ်တမ်း ဓါတ်ပုံများနှင့်တကွ စနစ်တကျပြုစုထားရှိရန်လိုကြောင်း၊ ကွင်းဆင်းတွေ့ရှိမှု အခြေအနေများအား တိုင်းရုံးသို့ အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ မိုးသန်းထန်စွာရွာသွန်းမှုကြောင့် မိုးစပါးစိုက်ဧကများ ရေကြီးရေလျှံ နစ်မြှုပ်မှုများအား မှတ်တမ်းဓါတ်ပုံများနှင့်တကွ စာရင်းပြုစုတင်ပြရန်ဖြစ်ပြီး၊ ပျက်စီးဆုံးရှုံးနိုင်ဖွယ် ရှိပါက အထက်ဌာနများသို့ အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်