Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြားပေး


09 Sep,2025

နေပြည်တော် စက်တင်ဘာ  ၉

                သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ နေပြည်တော်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် ယနေ့နံနက် ၁၀ နာရီအချိန်က နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာ၌ နေပြည်တော်ကောင်စီဘတ်ဂျက်ဖြင့်  မိသားစုဝင်ငွေတိုးရေးစီမံ ကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၄) ဦးမင်းဦး၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ ရပ်မိရပ်ဖများ ၊ သင်တန်း သူများတက်ရောက်ကြသည်။

             သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၄) ဦးမင်းဦးက နေပြည်တော်ကောင်စီအစီအစဉ်ဖြင့် သဘာဝဘေးဒဏ်သင့်ကျေးရွာများကို အဓိကဦးစားပေး၍ အသက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပေးပြီး လုပ်ငန်းထူထောင်နိုင်ရန်အတွက် ဆောင်ရွက် ပေးနေပါကြောင်း၊  အမျိုးသမီးအများစုဟာ မြန်မာ့ယဉ်ကျေးမှုနဲ့လျော်ညီတဲ့ ဝတ်စုံတွေချုပ် ဝတ်လာ တဲ့အတွက် စက်ချုပ်လုပ်ငန်းတွေ တစ်ခေတ်ပြန်လည်အောင်မြင်နေပြီဖြစ်ကြောင်း၊  အထည်ချုပ်လုပ်ငန်းဟာဆိုရင် စီးပွားရေးအတွက် တစ်စိတ်တစ်ပိုင်းအားဖြင့် အထောက်အကူ ပြုရုံမက အမျိုးသမီးများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများနဲ့ မိမိတို့အိမ်မှုကိစ္စများအပြင် အိုးမကွာအိမ်မကွာဖြင့် တစ်ဖက်တစ်လမ်း ကနေဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်ရန် စက်ချုပ်နည်းပညာကိုသင်ကြားပေးပြီး စက်ချုပ်လုပ်ငန်း လုပ်ကိုင်ဖို့ စက်ပစ္စည်းများပေးအပ်မှာ ဖြစ်ပါကြောင်း၊ ဒီလိုထောက်ပံ့တဲ့နေရာမှာ သင်တန်းဆင်းများထဲမှ ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းပြန်လည်လုပ်ကိုင်မည့်သူ (၅)ဦးကို ရွေးချယ်ပြီး အပ်ချုပ်ဆိုင် ဖွင့်လှစ်နိုင်တဲ့အထိ  အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓားစက်၊ ထုပ်သီးရိုက်စက်တို့ကို ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။

             အဆိုပါ အခြေခံ စက်ချုပ်နည်းပညာသင်တန်းအား ရက်ပေါင်း ၄၅ ရက်ကြာ ပျဉ်းမနား မြို့နယ်၊ စက်ရုံကျေးရွာနှင့် ပေါစံခေါကျေးရွာအတွင်းရှိ သင်တန်းသား(၁၅)ဦးကို ကျွမ်းကျင် နည်းပြများမှစာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

         နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကျေးရွာ(၁၄)ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အသေးစား ကုန်ထုတ်လုပ်ငန်းရှင်(၇၀) ဦး လုပ်ငန်းထူထောင်ပေးနိုင်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စီမံကိန်းကျေးရွာ (၄)ရွာတွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်