သရက်မြို့နယ် ကျေးရွာနှစ်ရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကျင်းပ
သရက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၉ရက် မွန်းလွဲပိုင်းက မြွေပွေးကျေးရွာနှင့် ကျောက်အိုင်ကျေးရွာတို့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးလွင်က ပတ်ဝန်းကျင်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး အမှိုက်များကို အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ အိမ်တွင်းညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကူးစက်ရောဂါအမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန် အချက်များကို ပြောကြားသည်။
ဆက်လက်၍ သရက်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိနန္ဒာအောင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး ဒေါ်နီနီလွင်တို့က မီးခိုးမြူငွေ့အန္တရာယ် အကြောင်းသိကောင်းစရာများ၊ မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကိုကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုလျော့နည်းစေရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရေးအတွက် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်