Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ဦးခရိုင်၌ ဝင်ငွေတိုးစီမံကိန်းဖြင့်လုပ်ငန်းသုံးပစ္စည်းများပေးအပ်


11 Sep,2025

ညောင်ဦး၊ စက်တင်ဘာ ၁၁

             သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော သင်တန်းများမှ အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသားများအား လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အနော်ရထာခန်းမ၌ ကျင်းပသည်။

               အခမ်းအနားသို့ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက် ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး သော်ထိုက်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ညောင်ဦးခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက ဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင် ရွက်ချက်များ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။

            ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော သက်ဆိုင်ရာတာဝန်ရှိသူများက ညောင်ဦးမြို့နယ် အရှေ့ဖွားစောကျေးရွာနှင့် ဝါခင်းကြီး ကျေးရွာတို့မှ စက်ချုပ်လုပ်ငန်းဖြင့် ကိုယ်ပိုင် လုပ်ငန်းထူထောင်လိုသူ (၅)ဦးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဖြင့် ကိုယ်ပိုင်လုပ်ငန်းထူထောင် လိုသူ (၅)ဦးတို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်ရာတွင် လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်