ညောင်ဦး စက်တင်ဘာ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း(၂၀၂၅- ၂ဝ၂၆) ဘဏ္ဍာရေးနှစ်တွင် ပြည် ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေး ရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ညောင်ဦးမြို့နယ် တည်ဆောက် ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းမှာ အရှည် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မဖြစ်ပြီး ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၂ဝ ဒသမ ၂၅ သန်းဖြင့် ညောင်ဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၄၈၁)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်