နေပြည်တော် စက်တင်ဘာလ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာနအစည်းအဝေးခန်း၌ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်(၈)မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌများနှင့် အမှုဆောင်အဖွဲ့များသည် သမဝါယမ အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က သမဝါယမအသင်းများ ဖွဲ့စည်းထားရှိမှုနှင့် ပတ်သက်၍ မြို့နယ်အသင်းစုများနှင့် အခြေခံအသင်းများ ဖွဲ့စည်းထားမှုမှာ ကျစ်လစ်ခိုင်မာမှုမရှိဘဲ အားနည်းချက်များတွေ့ရှိရပါသဖြင့် ခိုင်ခိုင်မာမာဖြစ်ရန်လိုကြောင်း၊ အသင်းစုချုပ် ဥက္ကဋ္ဌ နှုတ်ထွက်ခွင့် ထားခြင်းနှင့် အချို့အသင်းစု ဥက္ကဋ္ဌများမှာ အသက်အရွယ်အရ၊ ကျန်းမာရေးအရ နှုတ်ထွက်ခွင့်များ တင်မည်ဟု ကြားသိရပါ၍ လစ်လပ်နေသော အမှုဆောင်နေရာများအား အနီးစပ်ဆုံး GM တွင် အစားထိုး ရွေးချယ်ရမည်ဖြစ်ကြောင်း၊ အသင်းစု ဥက္ကဋ္ဌများသည် မိမိအသင်း၏ စီးပွားရေးလုပ်ငန်းကဏ္ဍအလိုက် စာရင်းဇယားများကို သိရှိနားလည်တတ်ကျွမ်းရန်လိုကြောင်း၊ အသင်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ဦးစီးဌာနကြီးကြပ်မှုဖြင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ အသင်း၏ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ သမဝါယမအသင်းဥပဒေ ဖြည့်စွက်ပြင်ဆင်ထားပြီးဖြစ်၍ အသင်းများနှင့် အမှုဆောင်များ ပြန်လည်ဖွဲ့စည်းရမည့် အခြေအနေရှိလာနိုင်ကြောင်း၊ အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်သူများဖြင့် ရွေးချယ်ဖွဲ့စည်းနိုင်ရန်လိုကြောင်း၊ သမဝါယမအသင်းတစ်သင်း၏ အသက်သွေးကြောသည် အသင်းစည်းကမ်းဖြစ်ပြီး၊ အသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် လိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်အသင်းစုဥက္ကဋ္ဌများမှ အသင်းလုပ်ငန်းဆောင်တာများအား အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြရာ ညွှန်ကြားရေးမှူးမှ လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်