Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုတ်လတ်မြို့နယ်၊ မရမ်းကလေးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု စစ်ဆေး


14 Sep,2025

ကျိုတ်လတ်မြို့နယ်၊ မရမ်းကလေးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှု စစ်ဆေး

ကျိုတ်လတ် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မရမ်းကလေးကျေးရွာအုပ်စု မရမ်းကလေးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ကျေးရွာတွင်း လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို (၁၃-၉-၂၀၂၅)ရက်နေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်နှင့် အင်ဂျင်နီ ဝန်ထမ်းများမှ ကျေးရွာလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မိမိတို့နေ့စဉ် အသုံးပြုသွားလာရမည့်လမ်းဖြစ်ပြီး လမ်းရေရှည်တည်တံ့အောင်၊ ပျက်စီးမှုမရှိအောင် အားလုံးဝိုင်းဝန်း ထိန်းသိမ်းသွားကြရမှာ ဖြစ်ကြာင်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါ မရမ်းကလေးကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည် ၈၅၈ပေ၊ အကျယ် လေးပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေ ငွေကျပ်၁၅သန်းနှင့် ကျေးရွာနေပြည်သူ ထည့်ဝင်ငွေ ကျပ် သုံးသန်း စုစုပေါင်း ငွေကျပ်၁၈သန်းတို့ဖြင့် ဇူလိုင်လ  ပထမအပတ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။

အဆိုပါ ကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာအိမ်ခြေ ၂၆၈အိမ်၊ လူဦးရေ ၁၂၀၉ဦးအတွက် ရာသီမရွေးသွားလာနိုင်ခြင်း၊ ကျေးရွာတွင်း သန့်ရှင်းသာယာလှပမှုရှိပြီး ကျေးရွာနေပြည်သူ တို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးလုပ်ငန်းများ ယခင်က ပိုမို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်