သရက်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများသို့ ဓါတ်မြေဩဇာသွင်းအားစုများ သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက်
**********************************************************************
သရက် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ဓါတ်မြေဩဇာသွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းများကို တာဝန်ရှိသူများက စက်တင်ဘာ ၁၃ရက်က ကွင်းဆင်းဆောင်ရွက်ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းနှင့် တာဝန်ရှိများက သရက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် အကျုံးမဝင်သော မိုးစပါးစိုက် တောင်သူများထံ စိုက်ပျိုးရာသီ အချိန်မီအသုံးပြုနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးတို့အတွက်လိုအပ်သော ဓါတ်မြေဩဇာသွင်းအားစုများကို သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခြင်းများပြုလုပ်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျေးလက်နေ တောင်သူများ အရည်အသွေးပြည့်မီသော ဓါတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ယူရီးယားဓါတ်မြေဩဇာ ၃၂၀ အိတ်၊ ကွန်ပေါင်း ဓါတ်မြေဩဇာ ၄၈၀အိတ်ကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်