လှည်းကူးမြို့နယ် မင်းလွင်ကုန်းကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး
*********************************
လှည်းကူး စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒေသထွက်ကုန်သီးနှံများ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်ရန်အတွက် မင်းလွန်ကုန်း ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးသန့်ဇော်လွင်၊ လှည်းကူးခရိုင်ဦးစီးမှူး ဦးတင်အောင်သန်း၊ လှည်းကူးမြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုး နှင့် တာဝန်ရှိသူများသည် မင်းလွင်ကုန်းကျေးရွာ ကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၇ ဒသမ ၅၇၅ ဖာလုံ အကျယ် ၁၂ ပေ ဒု ၂ ပေ ၉ လက်မ မြေသားခင်းခြင်းနှင့် ဂဝံကျောက်ခင်းခြင်း၊ အဆိုပါကုန်ထုတ် လမ်းပေါ်၌ ကွန်ကရစ်တံတား တစ် စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)က လုပ်ငန်းတာဝန်ခံအား လုပ်ငန်းများအားလုံး စံချိန်စံညွှန်းအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၃၇၅ ဒသမ ၈၉၄ သန်းဖြင့် ယခုနှစ် ဇူလိုင်လ ၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ပြီး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက မင်းလွင်ကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ လယ်ယာဧက ၈၀၀ တွင် စိုက်ပျိုးထားသော ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး စျေးကွက်သို့ သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်