မြို့သစ်မြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများအား သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ သွင်းအားစုများဖြန့်ဖြူးရောင်းချ
*******************************
မြို့သစ် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီး ဌာနက မြို့သစ်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ဓာတ်မြေသြဇာ သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် ဒေါ်မေသူအောင်နှင့် တာဝန်ရှိသူများသည် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် လိုအပ်သော ဓာတ်မြေဩဇာသွင်းအားစုများအား သက်သာသောဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဓာတ်မြေဩဇာသွင်းအားစု ဖြန့်ဖြူးရေးကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျေးလက်နေတောင်သူများ အရည်အသွေး ပြည့်မီသော ဓာတ်မြေဩဇာများကို စျေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးချိန်အမီ ဝယ်ယူအသုံးပြု နိုင်ရေးအတွက် ယူရီးယားဓာတ်မြေသြဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ စုစုပေါင်း ၂၄၉၀ အိတ်အား သီးနှံပေါ်ပေးစနစ်ဖြင့် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ်ဦးစီးမှူး ဒေါ်မေသူအောင်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်