Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ် ဥယျာဉ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး


10 Nov,2025

ဇေယျာသီရိမြို့နယ် ဥယျာဉ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

*****************************************************************************

နေပြည်တော်   နိုဝင်ဘာ     ၁၀

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နန်းဩကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ သတ္တမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို နိုဝင်ဘာ ၉ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က ကျေးရွာတာဝန်ရှိသူများ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် စီမံကိန်းလက်စွဲ စာစောင်ပါလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းစက်ဝန်း ကာလသတ်မှတ်ချက်များ၊  အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၄၆ ဒသမ ၇သန်းကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဥယျာဉ်ကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၂၂ဦးကို ငွေကျပ် ၁၄ ဒသမ ၉သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူ ၄၈ဦးကို ငွေကျပ် ၂၀ ဒသမ ၁သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၉ဦးကို ငွေကျပ် ၁၀ ဒသမ ၀၅သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ လေးဦးကို ငွေကျပ် ၁ ဒသမ ၆၅သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၉၃ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၆ ဒသမ ၇သန်းကို အတိုးနှုန်းသက်သာစွာဖြင့်  ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်