Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟင်္သာတမြို့နယ် သိမ်ကုန်း ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း


18 Dec,2025

ဟင်္သာတမြို့နယ် သိမ်ကုန်း ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း 

‎ဟင်္သာတ ဒီဇင်ဘာ ၁၈
‎        ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်စေရန် ရည်ရွယ်၍၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင်  ပြည်ထောင်စု(ဖြည့်စွက်)ရန်ပုံငွေဖြင့် ကျုံဖားကျေးရွာအုပ်စု ၊ သိမ်ကုန်း ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက  တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 
‎          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ များက သိမ်ကုန်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
‎          ဟင်္သာတမြို့နယ်  သိမ်ကုန်း ကျေးရွာ၌ အရှည် ၃ ဒသမ ၇၉ ဖာလုံ၊  ၊ အကျယ် ၁၆  ပေ၊ အမြင့် ၂ ပေ၊  မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းကို   ပြည်ထောင်စု (ဖြည့်စွက်) ခွင့်ပြုရန်ပုံငွေ ၄၄၀ သိန်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ယခု နှစ် နိုဝင်ဘာလ  ၂ ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ   ၄၈  ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း  ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း ထံမှ သိရှိရသည်။ 
‎             ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်