Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှိုင်းဘွဲမြို့နယ်၌ မဲသိမ်-မဲဆမိတ်ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


24 Dec,2025

လှိုင်းဘွဲမြို့နယ်၌ မဲသိမ်-မဲဆမိတ်ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး 

 လှိုင်းဘွဲ ဒီဇင်ဘာ ၂၄

 ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လှိုင်းဘွဲမြို့နယ်၊ မဲသိမ်-မဲဆမိတ်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်နှင့် မြို့နယ်မှတာဝန်ရှိသူများက  တာဝန်ယူဖောက်လုပ်သော ကုမ္ပဏီ၊ ကွန်ကရစ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ခင်ဇာဝင့်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန် ကုမ္ပဏီမှတာဝန်ရှိသူများအား မှာကြားသည်။

မဲသိမ်-မဲဆမိတ်ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသည် အရှည် ၄ ဖာလုံ၊  အကျယ် ၁၂ ပေ၊ ထု ၆ လက်မလမ်းဖြစ်ပြီး အဆိုပါလမ်းပေါ်တွင် အလျား ၆၀ပေ အကျယ် ၁၄ပေ၊ ထု ၈လက္မ ကွန်ကရစ်တံတား (၁)စင်းပါဝင်ကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုငွေကျပ် ၃၄၁ ဒသမ ၉၉ သန်းဖြင့် တင်ဒါအောင်မြင်သော Noble Chan San ကုမ္ပဏီနှင့် ဇွဲကပင်မေမေ ကုမ္ပဏီများက ၂၀၂၅ ခုနှစ် ဇွန်လ စတုတ္ထအပတ်က စတင်တာဝန်ယူ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းများ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သဖြင့် အဆိုပါကွန်ကရစ်လမ်းဖောက်လုပ်ပြီးစီးပါက  ကျေးရွာ(၂)ရွာရှိ အိမ် ခြေ (၅၁၄)အိမ်မှ လူဦးရေ (၁၉၆၉)ဦးအတွက် သွားလာရေးအဆင်ပြေလာတော့မည် ဖြစ်ကြောင်းကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဒေါ်ခင်ဇာဝင့်ထံကသိရသည်။


ကိုသက်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်