Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကလောမြို့နယ်၌ မိုးစပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်မှု (ဒုတိယဆု)ရရှိသည့် ဘုရားပျိုအသင်းအား တာဝန်ရှိသူများက ဆုများချီးမြှင့်


24 Dec,2025

ကလော ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဘုရားပျိုကျေးရွာ၌ မြန်မာ့သမဝါယမ စတင်ခြင်း(၁၂၁)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မိုးစပါး အထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်မှု(ဒုတိယ)ဆုရရှိသည့် ဘုရားပျိုစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။

ထိုသို့ ဆုများပေးအပ်ရာတွင် ကလောမြို့နယ်သမဝါယမအသင်း ဦးစီးအရာရှိ ဦးညီညီအောင်နှင့် အသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းနှင့် တာဝန်ရှိသူများက ဘုရားပျိုအသင်းအမှုဆောင်များနှင့် အသင်းသားများ အား ဒုတိယဆုကို ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပြီး နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဘုရားပျို ကျေးရွာရှိ ရွှေဥဒေါင်းဓမ္မာရုံ၌  စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကျော်ဝင်း(ကလော)

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်