Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ


30 Dec,2022

ဆောင်းဒါး၊ ဒီဇင်ဘာ ၂၉

          ၂၀၂၂ ပညာသင်နှစ် အသက်မွေးဝမ်းကျောင်းပညာအထောက်အကူပြု ရက်ကန်းပုံမှန် သင်တန်းများ ဖြစ်သည့် ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ (၁)နှစ်သင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်း(ဒုတိယအကြိမ်)၊ ရိုးရာလွန်းရာကျအချိတ် (၆)လသင်တန်း(ဒုတိယအကြိမ်)တို့၏ ကျောင်းဆင်းပွဲ အခမ်းအနားအား ၂၉.၁၂.၂၀၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၏ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ကြီး၏ကိုယ်စား ဒုတိယကျောင်းအုပ်ကြီး (သင်ကြားရေး)က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား ကထိက၊ ဌာနမှူးများက သင်တန်းတစ်ခုချင်းအလိုက် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

       ထို့နောက် ကျောင်းဆင်းလက်ရာများအား အကဲဖြတ်ဒိုင်အဖွဲ့၏ အမှတ်ပေးဆုံးဖြတ်ချက်ဖြင့် ဆုများရွေးခဲ့ပြီး ဆုရရှိသည့် ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာ(၁)နှစ်သင်တန်းမှ အဖွဲ့(၃)နှင့် သင်တန်းတစ်ခုချင်းအလိုက် ကျောင်းဆင်းလက်ရာပြိုင်ပွဲဝင်ဆုများကိုး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်