Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်


02 Jan,2023

ညောင်တုန်း ဇန်နဝါရီ ၁

               ဧရာဝတီတိုင်းဒေသကြီး ‌ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော လင်းလွန်းပင်-ပေစိကျွန်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

               အဆိုပါ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသည် အရှည်ပေ ၄၂၉၀၊ အကျယ် ၁၂ ‌ပေ၊ ထု ခုနှစ်လက်မ ရှိပြီး Proactive Japan Co.,ltd မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဦးစိုးမြင့်ဌေးနှင် လမ်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့တို့က လမ်းအရည်အသွေးကောင်းမွန်စေရေးနှင့် အချိန်မီ ပြီးစီးရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံဖြိုးတိုးတက်စေရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

၂-၁-၂၀၂၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်