Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်ထိုနှင့် ပေါင်မြို့နယ်သမဝါယမအသင်းစုလီမိတက်များ၏ အသင်းဆိုင်များက လူသုံးကုန်နှင့် အိမ်သုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချ


10 Jan,2023

ကျိုက်ထို၊ ဇန်နဝါရီ ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်သမဝါယမအသင်းစုလီမိတက်နှင့် ပေါင်မြို့နယ်သမဝါယမ အသင်းစုလီမိတက်များ၏ အသင်းဆိုင်များမှ အသင်းသားပြည်သူများ လူသုံးကုန်နှင့် အိမ်သုံးကုန် ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ အသင်းစုများမှ စတိုးဆိုင်၊ ကုန်ပဒေသာဆိုင်၊ ဆန်အရောင်း ဆိုင်လုပ်ငန်းများနှင့် အိမ်ဆောက်ပစ္စည်းအမျိုးမျိုး၊ စတီးပစ္စည်းအမျိုးမျိုးရောင်းချလျက်ရှိသည့်အပြင် သံပန်းသံတံခါးများ တပ်ဆင်ပေးခြင်း၊ အိမ်အလှဆင်ခြင်းစသည့် အိမ်အရောက်ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို  မြို့နယ်အတွင်း သင့်တင့်သောဈေးနှုန်းများဖြင့် လိုက်လံဆောင်ရွက်ပေးလျက်ရှိ သည်။

ထို့ပြင် ကျိုက်ထိုမြို့နယ်သမဝါယအအသင်းစုလီမိတက်မှ ဌာနဝန်ထမ်းများအား အရစ်ကျ ချေးငွေထုတ်ပေးခြင်း၊ ဓာတ်မြေဩဇာရောင်းဝယ်ရေးနှင့် ငွေကြေးနည်းပါးသော အခြေခံသမဝါယမအသင်း များသို့ ချေးငွေထုတ်ပေးခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး သမဝါယမကဏ္ဍမှ အသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင့်တင်းခိုင်မာစေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်