Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

‌ချောက်မြို့နယ် မင်းကန်ကျေးရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး


29 May,2026

‌ချောက်မြို့နယ် မင်းကန်ကျေးရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

‎************************************************************************

‎ချောက်          မေ        ၂၉

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေရန်အတွက် မင်းကန်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက (၂၈-၅-၂၀၂၆)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်မြင့် နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မင်းကန်ကျေးရွာ၌ မြစိမ်းရောင်​ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေများဖြင့် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စီမံကိန်းဆိုင်ရာ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းအသင်းဝင်ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၌ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎‌ချောက်မြို့နယ်၊ မင်းကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၃ ဦးကို ငွေကျပ်သိန်းတစ်ရာ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ ၉၁ ဦးကို ငွေကျပ်သိန်း ၄၂၀ ၊ စုစုပေါင်းစီမံကိန်းအသင်းဝင် ၁၁၄ ဦးကို ငွေကျပ်သိန်း ၅၂၀ အား အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးထားသည့်အတွက် အဆိုပါချေးငွေများဖြင့် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်