Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ် ကျေးရွာ ၂ ရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သတ္တမအကြိမ်မြောက် ထုတ်ချေး


29 May,2026

ဘုတ်ပြင်းမြို့နယ် ကျေးရွာ ၂ ရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သတ္တမအကြိမ်မြောက် ထုတ်ချေး

‎************************************************************************

‎ဘုတ်ပြင်း         မေ      ၂၉

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တနိုင်တပိုင် အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီး ရရှိစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်နိုင်အတွက် သဲဖြူ+ကျွေးချောင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင်း မပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို (၂၈-၅-၂၀၂၆)ရက်နေ့နံနက်ပိုင်းက သဲဖြူကျေးရွာ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

‎‎ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့် က စီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှု မရှိစေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း ၊ စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်ပြီး မိသားစုဝင်ငွေတိုးပွားရေးကို စနစ်တကျဆောင်ရွက် ပေးစေလိုကြောင်း၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ အခက်အခဲများ များရှိပါက တင်ပြပေးစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

‎‎ဆက်လက်၍ မြို့နယ်ဦးစီးမှူး ‌ဦးဇော်မိုးမြင့်က မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၆၂ သိန်း အား သဲဖြူ+ကျွေးချောင်းကျေးရွာ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်သည်။

‎‎ထို့နောက် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ တနိုင်တပိုင်အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ စီမံကိန်းအသင်းဝင် ၇၂ ဦးကို အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၆၂ သိန်း အား အတိုးနှုန်းသက်သာစွာဖြင့် တစ်ဦးချင်းလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်