Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်မြို့နယ် ကြို့ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်‌ချေးပေး


29 May,2026

ပြည်မြို့နယ် ကြို့ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှချေးငွေများထုတ်‌ချေးပေး
=====================================
ပြည်၊ မေ-၂၉
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ကြို့ကုန်းကျေးရွာ၌ ပထမအကြိမ်မြစိမ်းရောင်‌ ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံ ငွေများထုတ်ချေးပေးခြင်းကို (၂၈-၅-၂၀၂၆)ရက်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက်ကြောင်းသိရသည်။
    ရှေးဦးစွာ ပြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးဌေးဇော်မှ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့်ကျေး လက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်တခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည် ရွယ်၍ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ်အကြောင်းအရာများ၊ ကျေးလက်ဥပဒေ၊ နည်းဥပဒေအကြောင်းများကို ရှင်းလင်းပြောကြားသည်။
      ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံ ကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးပေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက်  မြို နယ်ဦးစီးမှူးတို့က စီမံကိန်းရန်ပုံ‌ငွေကျပ် ၂၉ ဒဿမ ၆၀ သန်းကိုလွှဲပြောင်းပေး အပ်သည်။
     ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် မြစိမ်းရောင်‌ကျေး ရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကြို့ကုန်းကျေး ရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆောင်ရွက်သူ စုစုပေါင်းအသင်းသား အသင်းသူ ၅၆ ဦးထံသို့ ပထမအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံ ငွေကျပ် ၂၉ ဒဿမ ၆၀ သန်းကို အတိုးနှုန်းသက် သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်