Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲကျင်းပ


31 May,2026

ဘားအံမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲကျင်းပ

*********************************************
ဘားအံ မေ ၃၁
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်စက်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၃၀ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
       ရှေးဦးစွာ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က သင်တန်းဆင်းအမှာစကား ပြောကြားကာ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့် သင်တန်းမှသင်ကြားပေးသော သင်ခန်းစာများကို လက်‌တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချပြီး တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ ရရှိနိုင်သည်အထိ ဆောင်ရွက်သွားကြရန် မှာကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားများအား ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
        ထို့နောက် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သီတာဝင်းစံက 
တက်ရောက်လာကြသာ သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
          အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ဦးတက်ရာက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြဆရာများက ဆိုင်ကယ်ပြုပြင်နည်းများကို မေလ ၁ရက်မှ ၃၀ရက်န့အထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။
ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်