သာစည်မြို့၊ ရွှေလှံ(မြောက်) ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးနေမှု ကွင်းဆင်း စစ်ဆေး
သာစည် မေ လ ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ရွှေလှံ(မြောက်) ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို မေ လ ၃၁ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ် မြသက်ဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ ရွှေလှံ(မြောက်)ကျေးရွာတွင် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ် မြသက်ဝင်းသည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းမှာကြားခဲ့သည်။
ရွှေလှံ(မြောက်) ကျေးရွာတွင် ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၆၀ ဖြင့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း အရှည်၄၀၀ပေ၊ အကျယ်၁၂ ပေ၊ အမြင့်၆လက်မကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာ ပံ့ပိုးကူညီကာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများမှ ဦးဆောင်၍ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် မေလ ဒုတိယပတ်မှစ၍ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်ပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ် မြသက်ဝင်းထံက သိရသည်။
ဟိန်းထက်စိုး(မလှိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်