မိုးကောင်းမြို့နယ် ညောင်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများစစ်ဆေး
မိုးကောင်း၊ဇွန် ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်ထားမှုအခြေအနေများအား ယနေ့နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့်မြို့နယ်မှတာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်း၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် စီမံကိန်းတာဝန်ခံတို့နှင့်အတူ ညောင်တောကျေးရွာမြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်ထားမှု၊ စာရင်းဇယားများမှန်ကန်စွာရေးသွင်းထားမှုနှင့် စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ထားမှုရှိ၊မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မတီဝင်များနှင့်တွေ့ဆုံကာ စီမံကိန်းရန်ပုံငွေများရေရှည်တည်တံ့စေရေး၊ ရန်ပုံငွေဆုံးရှုံးမှုများမဖြစ်ပေါ်စေရေး၊ ကြွေးကျန်မဖြစ်စေရန်နှင့် အတိုးအရင်းများအား သတ်မှတ်ကာလများတွင် အကြေပေးသွင်းနိုင်ရေးကို အလေးထားလိုက်နာဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
အဆိုပါ ညောင်တောကျေးရွာ၌ မြစိမ်းရောင် ကျေးရွာအရင်းမပျောက်လည်ပတ်ရန်ပုံငွေစီမံကိန်းကို
၂၀၁၆-၂၀၁ ၇ ဘဏ္ဍာရေးနှစ်မှစတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၆၇ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၅ ဦး၊ အရောင်းအ ဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦး၊ စုစုပေါင်းအသင်းသား ၁၀၆ ဦးကို မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၄၉၉ သိန်းထုတ်ချေးပေးထားကြောင်း မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းထံက သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်