အဆင့်မြင့်ကွန်ပျူတာ (Advanced Excel& Photoshop) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
နေပြည်တော် မေ ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အဆင့်မြင့်ကွန်ပျူတာ (Advanced Excel& Photoshop) သင်တန်း ဆင်းပွဲအခမ်းအနားကို မေလ ၂၉ ရက်နေ့ မွန်းလွဲ ၁၅:၀၀နာရီ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က“ယခုသင်တန်းကို သက်ဆိုင်ရာဦးစီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်စဉ်ဆက်မပြတ် တိုးတက်မြင့်မားစေရန်၊ လုပ်ငန်းခွင်အတွင်းနည်းပညာအသုံးပြုပြီး ထိရောက်ကောင်းမွန်စွာ စွမ်းဆောင် မှုပေးနိုင်ရန်နှင့် ဝန်ထမ်းများအနေဖြင့် IT နည်းပညာကို ပိုမိုသိရှိနားလည်ပြီး အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်သွားနိုင်စေရန် ရည်ရွယ်၍ သင်တန်း ကာလ(၄) ပတ်ကြာဖွင့်လှစ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့သူများအနေဖြင့် သင်ကြားပေးလိုက်သော ပညာရပ်များကို ကြိုးစားသင်ယူခဲ့ကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ အဲဒါကြောင့် မိမိတို့ရုံးလုပ်ငန်းများ ဆောင်ရွက် ရာတွင် Computerize Systemဖြင့် ကောင်းမွန်စွာ အသုံးပြုနိုင်ပြီး စာရင်းဇယား Data အချက်အလက်များ ဖြည့်သွင်းတွက်ချက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်မှန်ကန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်မည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးခြင်းဖြစ်၍ သင်တန်းသား များအနေဖြင့်လည်း သင်ယူခြင်းမှ တတ်မြောက်ခြင်း၊ တတ်မြောက်ခြင်းမှ အသုံးချခြင်းဆိုသည့် သင်တန်း သီအိုရီနှင့်အညီ ဆက်လက်ကျင့်သုံးသွားကြဖို့ မှာကြားလိုပါကြောင်း” ပြောကြားသည်။
ဆက်လက်ပြီး ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က အဆင့်မြင့်ကွန်ပျူတာ (Advanced Excel& Photoshop) သင်တန်းတက်ေဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားသင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့မှ လက်ခံရယူခဲ့ပါသည်။
အခမ်းအနားသို့ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ(၂၂)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို မေလ ၄-၅-၂၀၂၆ရက်နေ့မှ ၂၉-၅-၂၀၂၆ရက်နေ့ထိ ၂၅ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်