သနပ်ပင်မြို့နယ် ဉာဏ်ကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေး"
သနပ်ပင်၊ ဇွန်လ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဉာဏ်ကျွန်းကျေးရွာအုပ်စု၊ဉာဏ်ကျွန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ အဋ္ဌမအကြိမ်ထုတ်ချေးခြင်းကိုယနေ့နံနက်ပိုင်းကအဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းကကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်အသင်းသား၊အသင်းသူများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာမြစိမ်း ရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုး ကျေးဇူးများလုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သနပ်ပင်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး
ဉာဏ်ကျွန်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၉၅သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းနှင့်တာဝန်ရှိသူများကမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူဉာဏ်ကျွန်းကျေးရွာတွင် အဋ္ဌမအကြိမ်အဖြစ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ၁၀၈ဦးကိုငွေကျပ်၃၄၉သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ဦးကို ငွေကျပ်၁၂၀သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၅၆ဦးကိုငွေကျပ် ၁၂၆သိန်း၊စုစုပေါင်း အသင်းသား၊အသင်းသူ ၂၀၇ဦးကိုငွေကျပ် ၅၉၅သိန်းထိထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်