Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရမ်းမြို့နယ်တွင် တောင်သူများအား မျိုးစပါးနှင့်သဘာဝမြေဩဇာများ ပေးအပ်ပွဲကျင်းပ


01 Jun,2026

ခရမ်း မေ ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရမ်းမြို့နယ် သမဝါယမဦးစီးဌာနက ခရမ်းမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာများ ပံ့ပိုးပေးအပ်ခြင်းကို မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲ တို့က အဖွင့်အမှာစကားပြော ကြားခဲ့သည်။ ထို့နောက်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်က သမဝါယမအသင်း အချင်းချင်း ပံ့ပိုးမှုဖြင့် မျိုးစပါးနှင့်သဘာဝ‌ မြေသြဇာပေးအပ်ခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက အသင်း(၄)သင်း၊ အသင်းသား(၂၀၀)အတွက် မျိုးစပါးနှင့် သဘာဝမြေဩစာ များကို ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ခင်နှင်းဝေ(ခရမ်း-ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်