သနပ်ပင်မြို့နယ် ကသစ်ခုန်ကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးမှုစစ်ဆေး
သနပ်ပင်၊ ဇွန်လ ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကသစ်ခုန်ကျေးရွာ၌ ၂၀၂၆- ၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင် ရက်(၁၀၀)စီမံချက်ဖြင့်မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်းဆွေးနွေးမှာကြားပြီး လိုအပ်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ကသစ်ခုန်ကျေးရွာအုပ်စု၊ကသစ်ခုန်ကျေးရွာ၌ အလျား ၂၅၀ပေ ၊ အနံ၁၅၀ ပေမြေသားရေကန်တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်တွင် ရက် (၁၀၀)စီမံချက်ဖြင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၃ဒသမ ၃၄၀သန်းအသုံးပြုပြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ယခုနှစ် ဧပြီလ တတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုအခါလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းထံမှ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်