Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒိုက်ဦးမြို့နယ် အောင်မြင်ကွင်းကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးမှုစစ်ဆေး


12 Jun,2026

ဒိုက်ဦးမြို့နယ် အောင်မြင်ကွင်းကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ပြီးစီးမှုစစ်ဆေး
=====================================
ဒိုက်ဦး၊ ဇွန်-၁၂
 
     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက် ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ဆင်ဇလုပ်ကျေးရွာအုပ်စု၊ အောင်မြင်ကွင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေနှင့် ကျေးရွာပြည်သူထည့်ဝင်‌ငွေတို့ဖြင့် ဘက်စုံသုံးခန်းမတည် ဆောက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူ များမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ် ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ညောင်လေး ပင်ခရိုင်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးရန်နိုင်ညွှန့်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့် အင်ဂျင်နီ ယာဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ အောင်မြင်ကွင်းကျေးရွာ၌ ဘက်စုံးသုံးခန်းမ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြပြီးနောက် ခရိုင်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို ဆောင်ရွက်ပြီးဘက်စုံသုံးခန်းမအား အကျိုးရှိစွာအသုံးပြုကြရန်နှင့် ရေရှည်အသုံးပြုနိုင်ရေး သက် ဆိုင်သူအားလုံးကဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေး နွေးမှာကြားခဲ့ကြောင်း သိရသည်။
       ဒိုက်ဦးမြို့နယ် အောင်မြင်ကွင်းကျေးရွာ၌ အ လျှား ၆၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၁ ပေရှိသော ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းကို ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေကျပ် ၁၅၀ သိန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင် ငွေကျပ် ၅၅၀ သိန်း၊ စုစုပေါင်းငွေကျပ် ၇၀၀ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင်၂၀၂၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှစတင်ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် အောင်မြင်ကွင်းကျေးရွာရှိ အိမ်ခြေ ၆၃ အိမ်မှ လူဦးရေ ၂၆၀ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုကိစ္စရပ်များအတွက် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းထံမှသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်