Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကန်ကြီးထောင့်မြို့နယ်သမဝါယမအသင်းစုလီမိတက်ကနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲအခမ်းအနား ကျင်းပ


08 Feb,2023

ကန်ကြီးထောင့် ၊ ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ (၂၀၁၉-၂၀၂၀)နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် သစ်ရွေးချယ်ပွဲအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီးသမဝါယမအသင်း စုချုပ်တို့မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သမဝါယမဦးစီး ဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ဝန်ထမ်းများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ အသင်းဝင် အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနား ပထမပိုင်းတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၂၀၁၉-၂၀၂၀)နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေး နှစ်အထိ ဒါရိုက်တာအဖွဲ့လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းသားစာရင်း စစ်အစီရင်ခံစာများကို ဖတ်ကြားရှင်းလင်း၍ တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူခဲ့ သည်။

ဆက်လက်၍ ဒုတိယပိုင်း အမှုဆောင်သစ်ပြန်လည်ရွေးချယ်ခြင်းအခမ်းအနားတွင် သဘာပတိ အဖြစ် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဆွေက ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အမှုဆောင်သစ်များကို ဆန္ဒမဲပေးရွေးချယ်ကာ တာဝန်ပေးအပ်ခဲ့ပြီး အမှုဆောင်အဖွဲ့ဝင်အသစ်များက ကတိသစ္စာခံယူခဲ့ကြောင်း  သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်