Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုများထောက်ပံ့


13 Jul,2026

ကျောက်ဆည် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာနမှ အခြေခံ သမဝါယမအသင်းသားတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး စပါးမျိုးများနှင့်သွင်းအားစုများ ထောက်ပံ့ပေးလျှက်ရှိရာ မြေစိုမိုးကောင်းကျေးရွာမှ မိုးစပါးစိုက်တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်သည်။

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာမှဦးစီးအရာရှိ ဦးဇော်ထွန်းအောင်က ထောက်ပံ့ ပစ္စည်းများ  ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြေစိုမိုး ကောင်းကျေးရွာ အခြေခံသမဝါယမအသင်းမှ မိုးစပါးစိုက်တောင်သူ ၃၀ အား မိုးစပါး ဧက ၁၃၀ စိုက်ပျိုးရန်အတွက် ငွေကျပ် သိန်း ၂၆၀ နှင့်ညီမျှသော စပါးမျိုးများနှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် အခြေခံသမဝါယမအသင်း ၁၆ သင်း ရှိပြီး ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး သမဝါယမအသင်းသားများမှ စပါး ဧက ၂၀၀၀ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်