Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သံဖြူဇရပ်မြို့နယ် ကရင်သောင်ကျေးရွာ၌ ကျေး ရွာရေရရှိရေးလုပ်ငန်းဆောင်ရွက်‌နိုင်‌ရေးစစ်ဆေး


14 Jul,2026

သံဖြူဇရပ်မြို့နယ် ကရင်သောင်ကျေးရွာ၌ ကျေး ရွာရေရရှိရေးလုပ်ငန်းဆောင်ရွက်‌နိုင်‌ရေးစစ်ဆေး
=====================================
သံဖြူဇရပ်၊ ဇူလိုင်-၁၄
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘ‌ဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံ ငွေဖြင့် ကရင်သောင်ကျေးရွာ၌ ကျေးရွာရေရရှိ ရေးလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်း ဆင်းစစ်ဆေးကြကြောင်းသိရသည်။
   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံဖြူဇရပ်မြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဒေါ်ဆုသန္တာလင်းနှင့်ဝန်ထမ်း များမှ ကျေးရွာကော်မတီဝင်များနှင့်အတူ ကရင် သောင်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ် ငန်းဆောင်ရွက်‌မည့်အခြေအနေများ၊ မြေနေရာရရှိ မှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြီးနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေး ရွာကော်မတီဝင်များကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့်အချိန်မီပြီးစီးရေးဆောင် ရွက်ပေးမည့်အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
      သံဖြူဇရပ်မြို့နယ် ကရင်သောင်ကျေးရွာ၌ တွင်းအကျယ် ၄ ဒသမ ၅ လက်မ၊ အနက် ၃၀၀ ပေရှိသော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ပြည် နယ်ရန်ပုံငွေကျပ် ၅၆ ဒသမ ၉၈ သန်းဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများမှတာဝန်ယူ၍ ဩဂုတ် လပထမပတ်မှစတင်အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီပါက ကရင် သောင်ကျေးရွာရှိအိမ်ခြေ ၅၈၀ အိမ်မှလူဦးရေ ၃၅၀၇ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များပါ သန့်ရှင်းသောသောက်သုံးရေကိုဖူလုံစွာရရှိမည်ဖြစ် ကြောင်း သံဖြူဇရပ်မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဆုသန္တာလင်းထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်