Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျုံပျော်မြို့နယ် ကြံလဟာမြောက်ကျေးရွာ၌ သံ ဘောင်ယက်မကွန်ကရစ်တံတားတည်ဆောက်ပြီး စီးမှုစစ်ဆေး


14 Jul,2026

ကျုံပျော်မြို့နယ် ကြံလဟာမြောက်ကျေးရွာ၌ သံ ဘောင်ယက်မကွန်ကရစ်တံတားတည်ဆောက်ပြီး စီးမှုစစ်ဆေး
================================
ကျုံပျော်၊ ဇူလိုင်-၁၄
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်တွင်ရက်(၁၀၀) စီမံချက်ဖြင့် ကုန်းသာကြီးကျေးရွာအုပ်စု၊ ကြံလ ဟာမြောက်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ငွေ၊ ကျေးရွာပြည်သူလူထုမှထည့်ဝင်ငွေတို့ဖြင့် ကျေးရွာတွင်းသံဘောင်ယက်မကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေ များကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျုံပျော်မြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစန္ဒာဌေးနှင့်ဝန်ထမ်းများမှ ကျေးရွာကော်မတီဝင်များနှင့်အတူ ကြံလဟာ‌ မြောက်ကျေးရွာ၌ သံဘောင်ယက်မကွန်ကရစ်တံ တားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြပြီးနောက် မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူ များ၊ ကျေးရွာကော်မတီဝင်များကို ဆောင်ရွက်ပြီး ကွန်ကရစ်တံတားအား ရေရှည်အသုံးပြုနိုင်ရေး လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
      ကျုံပျော်မြို့နယ် ကြံလဟာမြောက်ကျေးရွာ၌ အရှည် ၂၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၉ ပေရှိသော ကျေးရွာတွင်းသံဘောင်ယက်မကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ထောက်ပံ့ငွေကျပ် ၁၅ သန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင် ငွေကျပ် ၁၅ သန်း၊ စုစုပေါင်းငွေကျပ်သန်း ၃၀ ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှဝန်ထမ်းများ၏ နည်းပညာကူညီမှုဖြင့် ကျေး ရွာသူကျေးရွာသားများကိုယ်တိုင် မေလ ၂၃ ရက်နေ့မှစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကြောင့် ကြံလဟာမြောက်ကျေးရွာသူကျေးရွာသားများမှာ သွားလာရေးလွယ်ကူနေပြီဖြစ်ကြောင်း ကျုံပျော်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစန္ဒာဌေးထံမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်