Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်မြို့နယ်ရွှေမြောင်ကျေးရွာ၌ကျေးလက်စီးပွား ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)လုပ် ငန်းများစစ်ဆေး


17 Jul,2026

ပြည်မြို့နယ်ရွှေမြောင်ကျေးရွာ၌ကျေးလက်စီးပွား ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)လုပ် ငန်းများစစ်ဆေး
=====================================
ပြည်၊ ဇူလိုင်-၁၇
 
    သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဇီးအုပ်ကျေးရွာအုပ်စု၊ ရွှေမြောင်ကျေးရွာ၌ ကထမအကြိမ်ကျေးလက်စီး ပွားရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) ချေးငွေဖြင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်နေမှုအခြေအ နေများကို တာဝန်ရှိသူများမှယနေ့နံနက်ပိုင်းအချိန် က ကွင်းဆင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ၊ ပြည်မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ‌ဦးဌေးဇော်နှင့်ဝန်ထမ်းများမှ ကျေးရွာ ကော်မတီဝင်များနှင့်အတူ ရွှေမြောင်ကျေးရွာ၌ ငါးမွေးမြူရေးလုပ်ငန်း၊ ကျွဲမွေးမြူရေးလုပ်ငန်း၊ နွား မွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအ နေများ၊ လအလိုက်ပေးပို့ရမည့်စာရင်းဇယားများ ပြည်စုံမှုရှိမရှိအခြေအနေများ၊ စီမံကိန်းလက်စွဲစာ စောင်ပါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြပြီး နောက် ခရိုင်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များကို လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရ သည်။
      ပြည်မြို့နယ် ရွှေမြောင်ကျေးရွာ၌ ငါး‌မွေးမြူ ရေးလုပ်ငန်းဆောင်ရွက်သူ အစုအဖွဲ့နှစ်ခုထံသို့ ချေးငွေကျပ်သိန်း ၁၅၀ ၊ ကျွဲမွေးမြူရေးလုပ်ငန်း ဆောင်ရွက်သူ အစုအဖွဲ့တစ်ခုထံသို့ချေးငွေကျပ် ၇၅ သိန်း၊ နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ အစုအဖွဲ့ တစ်ခုထံသို့ချေးငွေကျပ် ၇၅ သိန်း၊ စုစု ပေါင်းအစုအဖွဲ့လေးခုထံသို့ ကျေးလက်စီးပွားရန်ပုံ ငွေထူထောင်ခြင်းလုက်ငန်းစီမံကိန်း(RBF)ချေးငွေ ကျပ်သိန်း ၃၀၀ ကိုအတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးခဲ့ကြောင်း ပြည်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဦးဌေးဇော်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်