မိုးညိုမြို့နယ် ကံကလေးကျေးရွာ၌ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
************************************************************************
မိုးညို ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးညိုမြို့နယ်၊ ကံကလေးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဇော်၊ မိုးညိုမြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းခိုင်နှင့် ဝန်ထမ်းများသည် မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကံကလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၇ ဒသမ ၆ သန်းဖြင့် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လစဉ်ဆောင်ရွက်ရမည့် စာရင်းဇယားများ ပြည့်စုံမှန်ကန်မှု ရှိ၊ မရှိအခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီး ခရိုင်ဦးစီးမှူးက စီမံကိန်းအသင်းဝင်ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၌ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၊ ကံကလေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၃ ဦးကို ငွေကျပ် သုံးဆယ် ဒသမ ၅၅ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၃၄ ဦးကို ငွေကျပ် ၆ ဒသမ ၈ သန်း၊ အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူ တစ် ဦးကို ငွေကျပ် သုည ဒသမ ၂၅ သန်း၊ စုစုပေါင်း စီမံကိန်းအသင်းသူ/သား ၁၃၈ ဦးကို ငွေကျပ် ၃၇ ဒသမ ၆ သန်းအား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားသည့်အတွက် တနိုင်တပိုင် စီးပွားရေးလုပ်ငန်းများ အဆင်ပြေစွာ လည်ပတ် ဆောင်ရွက်လျက်ရှိကြောင်း သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်