Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ၌ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ


17 Jul,2026

မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ၌ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
*********************************************

မင်းလှ ဇူလိုင် ၁၇
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာ၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၅ရက်နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်သည်။
          ရှေးဦးစွာ မင်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သရက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးထွေးက အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
    ‌‌ ထို့နောက် မင်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌတို့က သင်တန်းသူများထံ သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို ပေးအပ်ခဲ့သည်။
          အဆိုပါသင်တန်းကို မင်းလှမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသူ ၁၅ဦး တက်ရောက်ကြပြီး ၂၀၂၆ခုနှစ်၊ ဇူလိုင် ၁၅ရက်မှ ဩဂုတ် ၁၃ရက်နေ့အထိ အခြေခံစက်ချုပ်နည်းပညာသင်တန်းအားလည်း ကောင်း၊ ၂၀၂၆ခုနှစ်၊ ဩဂုတ် ၁၉ရက်မှ စက်တင်ဘာ ၂ရက်နေ့အထိ မွမ်းမံစက်ချုပ်နည်းပညာသင်တန်းအားလည်းကောင်း သင်တန်းကာလ ၄၅ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
ဆက်လူ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်