Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်လေးပင်မြို့နယ် တော်ပတီကျေးရွာ၌ ကျေး ရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)မိတ်ဆက်ရှင်း လင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းပြုလုပ်


16 Jul,2026

ညောင်လေးပင်မြို့နယ် တော်ပတီကျေးရွာ၌ ကျေး ရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)မိတ်ဆက်ရှင်း လင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းပြုလုပ်
=====================================
ညောင်လေးပင်၊ ဇူလိုင်-၁၆
 
   သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင် လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တော် ပသီကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော် မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆို ပါကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
    ပထမဦးစွာ ညောင်လေးပင်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီး မှူး ဒေါ်မီမီအောင်က ကျေးရွာမတည်ရန်ပုံငွေစီမံ ကိန်း(VRFP) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များ၊ အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းစဉ်အ ကြောင်းအရာများ၊ ကျေးရွာကော်မတီဝင်များ၏ တာဝန်နှင့်ခံစားခွင့်များ၊ ကျေးရွာစိတ်ဓါတ်များကို ရှင်းလင်းပြောကြားပြီးနောက် စီမံကိန်းတာဝန်ခံဝန်ထမ်းက ကျေးရွာကော်မတီဝင်များရွေးချယ်ရာတွင် သတ်မှတ်ထားသည့် ပညာအရည်အချင်းများ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြား သည်။
    ထို့နောက် ကျေးရွာသူကျေးရွာသားများ၏ အ များဆန္ဒနှင့်အညီ ကျေးရွာကော်မတီဝင် ခုနှစ်ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် တော်ပတီကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အ သက်‌မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်း‌ဆောင်ရွက်သူများထံသို့ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ကို မကြာမီထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ညောင် လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မီမီအောင်ထံမှ သိရသည်။
ချိုလေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်