Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွမ်းခြံကုန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုပေးအပ်ခြင်းနှင့် သက်တန့်ရောင်စီမံကိန်းရန်ပုံငွေ‌ပေးအပ်ပွဲကျင်းပ


20 Jul,2026

ကွမ်းခြံကုန်း ဇူလိုင် ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်သမဝါယမအသင်းသား‌တောင်သူများအား သွင်းအားစု ပေးအပ်ခြင်းနှင့် သက်တန့်ရောင်စီမံကိန်းရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပြုလုပ်သည်။

ဦးစွာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်လင်းက အမှာစကားပြောကြားပြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန်းယုမွန်က တောင်သူများအား သွင်းအားစုနှင့် မိုးစပါးစီမံကိန်းရန်ပုံငွေ ပေးအပ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် သမဝါယမအသင်း (၁၀) သင်း၊ အသင်းသား (၂၃၀) ဦးအား သွင်းအားစုပေးအပ်ခြင်းနှင့် သက်‌တန့်ရောင်စီမံကိန်း ရန်ပုံငွေဖြင့် သမဝါယမအသင်း (၂) သင်း၊ အသင်းသား (၃၅) ဦးတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲသို့သို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်လင်း၊ ကွမ်းခြံကုန်း မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သမဝါယမအသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်