Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ် ရွာတော်(တ+မ)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး


17 Jul,2026

ပုဗ္ဗသီရိမြို့နယ် ရွာတော်(တ+မ)ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

*********************************************နေပြည်တော် ဇူလိုင် ၁၇
           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၁၁ကြိမ်မြောက် ထုတ်ချေးခြင်းကို ဇူလိုင် ၁၆ရက် နံနက်ပိုင်းက ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(တ+မ)ကျေးရွာ၌ ကျင်းပပြုလုပ်‌ကြောင်း သိရသည်။
         ရှေးဦးစွာ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးကက ရွာတော်(တ+မ)ကျေးရွာ၌ ရပ်မိရပ်ဖများ၊ အသင်းသား၊ ‌အသင်းသူများနှင့် တွေ့ဆုံကာ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရန်ပုံငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
         ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ရွာတော်(တ+မ)ကျေးရွာရှိ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၆၉ ဒသမ ၆သန်းကို လွှဲပြောင်းပေးအပ်သည်။
        ထို့နောက် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ရွာတော်(တ+မ)ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၅၀ဦးကို ငွေကျပ် ၁၁ ဒသမ ၆သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈၅ ဦးကို ငွေကျပ် ၁၅ ဒသမ ၃သန်း၊ အ ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၂၉ဦးကို ငွေကျပ် ၃၀ ဒသမ ၂သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၅၉ဦးကို ငွေကျပ် ၁၂ ဒသမ ၂သန်း၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးကို ၀ ဒသမ ၃သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၃၂၄ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၆၉ ဒသမ ၆သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
         
နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်