ဘုတ်ပြင်းမြို့နယ် အေးချမ်းမြိုင်-၂ကျေးရွာ၌ သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ ပြုလုပ်
************************************************************************
ဘုတ်ပြင်း ဇူလိုင် ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် အေးချမ်းမြိုင်-၂ကျေးရွာ၌ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၀ ရက်နေ့က အဆိုပါကျေးရွာစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဘုတ်ပြင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင် ဦးဌေးအောင် က ထပ်ဆင့်အမှာစကားပြောကြားသည်။
ထို့နောက် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့်က သင်တန်းဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာက သက်တန်းတွင် သင်ကြားမည့် သင်ခန်းစာများနှင့် သင်တန်းသား/သူများ လိုက်နာရန် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဇူလိုင် ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ သဘာဝမြေဩဇာထုတ်လုပ်နည်းများကို စာတွေ့လုပ်တွေဖြင့် သင်တန်းကာလ ၃ ရက်ကြာ အခမဲ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အေးချမ်းမြိုင်-၂ ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသည့် သင်တန်းသား/သူ ၂၀ ဦး တက်ရောက် သင်ယူလျက်ရှိကြောင်း ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်